if statement ဆိုတာကတော့ ဘာလုပ်ရင်ဘာဖြစ်တယ်ဆိုတာကို
If နဲ့ condition စစ်တာပါ။
Java မှာ
if statement
if else statement
Switch statement
ဆိုပြီးရှိပါတယ်။
အခုတော့ if statement အကြောင်းပြောပါ့မယ်။
if(condition(boolean))
{
Statement
}
If ရဲ့အနောက်က လက်သည်းကွင်းထဲက condition မှန်ရင်အောက်က
statement ဆက်သွားပြီး
မမှန်ရင်တော့ကျော်သွားမှာပါ။
အောက်မှာ ရေးပြထားပါတယ်။လေ့လာကြည့်ပါ။
import java.util.Scanner;
public class IfStatements
{
public
static void main(String[]args)
{
int
number;
Scanner
input = new Scanner(System.in);
System.out.println("Enter
a number");
number
= input.nextInt();
if((number%2)==0)
System.out.println("Even");
if((number%2)==1)
System.out.println("Odd");
}
}
import java.util.Scanner;
Scanner class ကို import လုပ်လိုက်တာပါ။
User ကို keyboard ကနေ data ရိုက်သွင်းခိုင်းမှာမို့ပါ။
public class IfStatements ဆိုတာကတော့ java class တစ်ခုဆောက်လိုက်တာပါ။
File ကို save မယ်ဆိုရင်လဲ IfStatements.java လို့
Save ရမှာပါ။
public static void main(String[]args)
အဲဒါကတော့ main method ရေးတာပါ။
Java မှာ Main Method မပါရင် run မရဘူးလေ။
int number ဆိုတာကတော့ integer (ကိန်း) တစ်ခုကြေငြာလိုက်တာပေါ့။
Scanner input = new Scanner(System.in);
Scanner class ကို object ဆောက်တာပါ။
Keyboard ကနေရိုက်သွင်းဖို့
System.out.println ဆိုတာကတော့ user ကိုတောင်းတာပါ။
Enter a number ပေါ့။
number = input.nextInt();
ဆိုတာကတော့
ခဏကကြော်ငြာခဲ့တဲ့ number ထဲကို user ရိုက်သွင်းမဲ့ ဂဏန်းကိုထည့်တာပါ။
Integer ဖြစ်ဖို့တော့လိုတာပေါ့။
if((number%2)==0)
အဲ့ဒါကတော့ user ရိုက်သွင်းမယ့် ဂဏန်းကို ၂ နဲ့စားပြီးရမယ့်
အကြွင်းကို 0 နဲ့ညီလားစစ်တာပါ.
% modulus
== equal
တကယ်လို့ 0 ကြွင်းမယ်ဆို စုံပေါ.
1 ကြွင်းမယ်ဆိုရင်တော့ မ ပေါ့။
အဲ့တာကြောင့်
if((number%2)==0)
System.out.println("Even");
if((number%2)==1)
System.out.println("Odd");
လို့ရေးလိုက်တာပေါ့။
System.out.println ဆိုတာကတော့ console screen မှာပေါ်ချင်တဲ့စာသားကို
ရေးတာပါ။
if statement အကြောင်းကို နားလည်မယ်လို့မျှော်လင့်ပါတယ်။
No comments:
Post a Comment