Sony Flashtool ဖြင့် Xperia firmware တစ်ခုမှ Kernel.ftf file ကိုခွဲထုတ်ခြင်း အခု ကျွန်တော် လိုအပ်မယ် ထင်လို့ တင်ပေးတာပါ ...သိပြီးသားဆိုလည်း ကျော်ချသွားပါ မသိသေးသူများကလည်း စာပြန်နွေးသလို ဘဲသဘောထားပေးပါ ..တတ်လွန်းလို့တင်ချင်း မဟုတ်ပါ.....ကဲစလိုက်ကြမယ် အရင်ဦးဆုံး firmware ကို 7zip ဖြင့် window ရဲ့ partitions တစ်နေရာမှာ ဖြည်လိုက်ပါ.. ပြီးတော့ sony flashtool ကို ဖွင့်ပါ ...အပေါ်ဘားတန်းက Tools ထဲမှာ Bundles>Create ကို နိပ်လိုက်ရင် ပုံ (၂) ကအတိုင်းမြင်ရပါလိမ့်မယ်.....အဲ့ဒါဆိုရင် Slect source floder ဆိုတဲ့ဟာမှာ ခုနက 7zip နဲ့ ဖြည်ထားခဲ့တဲ့ဟာကို ရွေးလိုက်ပါ....ပြီးရင် Device ဆိုတဲ့နေရာမှာ click နှစ်ချက် ခေါက်ပြီး မိမိ လုပ်မယ့် device ကိုရွေးပေးပါ (ဥပမာ- sony zultra ဆို sony zultra ကို click နှစ်ချက် ခေါက်ပြီးရွေးပေးပါ)......အောက်ကနှစ်ခုကိုတော့ ကိုယ်ဖြည်ချင်တာဖြည့်ပါ ကျွန်တော်တော့ ပုံ(၃)ကလိုဘဲ ဖြည့်လိုက်တယ်.....ဟဲ...ဟဲ...ပြီးရင် Floder list ကိုကြည့်ပါ ...sin,xml,.ta တွေအများကြီးပါ ...အခု ကျွန်တော်တို့လိုတာက kernel ဖိုင်မဟုတ်လား....အဲ့ဒါဆိုတော့ kernel.sin ကိုရွေးရမယ်လေ...ပြီးရင် logo အတွက် loader.sin ပါ တွဲချုပ်ပေးရမယ် kernel.sin ကို ရွေးပုံကို ပုံ(၄) မှာပြထားပါတယ် ..loader.sin ကိုလည်း အဲ့ဒီအတိုင်းဘဲ ရွေးပေးပါ....ပြီးရင် ပုံ(၅)မှာလို မြင်ရပြီ...အဲ့ဒါဆိုရင် ပုံ(၆) မှာ create ကိုနိပ်ခိုင်းထားပါတယ်... ပြီးရင် ကျွန်တော်တို့လိုချင်တဲ့ kernel.ftf file လေးရပြီပေါ့ဗျာ...အဲ့ဒီ ဖိုင်လေးက ကျွန်တော်တို့ Flashtools install လုပ်ထားတဲ့ ဖိုင်ထဲက firmwares ဖိုင်ထဲမှာ ရှိမှာပါ ကျွန်တော် ဒါကိုတင်ပေးရချင်း အကြောင်းအရင်းက ကျွန်တော် တို့ sony ဖုန်းတွေ root လုပ်တဲ့ အချိန် boot မှာ flash မျိုးတွေ kernel ဖိုင်ရှာမရတာမျိုးတွေမှာဖြစ်တတ်တာကြောင့် အလွယ်တကူ ကိုယ်တိုင်လုပ်ဖို့အတွက် တင်ပေးခြင်းဖြစ်ပါတယ်.........






No comments:
Post a Comment