Monday, July 6, 2015

VB.net Programming (သင်ခန်းစာ ၁)



အခုပြောမယ့် VB.net Programming ကိုသုံးပြီး Window Application တွေရေးနိုင်သလို, B4A ကိုသုံးပြီး Android Application တွေရေးနိုင်ပြီး
B4I ကိုသုံးပြီး IOS(Apple) application တွေလဲရေးနိုင်ပါတယ်။
လေ့လာရတာလဲလွယ်ကူပါတယ်။။ကျွမ်းကျင်သွားပြီဆိုရင် စိတ်ကူးရှိသလို ချဲ့ထွင်ပြီးရေးနိုင်ပါတယ်။
ကျွန်တော်တို့ VB.net programming ကိုစပြီးရေးကြမယ်ဆိုတော့ ရေးမယ့် Software(IDE) ဖြစ်တဲ့ Microsoft Visual Studio 2010 ဆိုတာကို အရင်download ဆွဲရမှာပါ။ အခုရေးနေတဲ့အချိန်မှာ 2013 အထိထွက်နေပါပြီ။ but အခုတော့ 2010 version နဲ့ပဲသွားကြတာပေါ့။
Download ဆွဲမယ်ဆိုရင်တော့
ဒီလင့်ကပါ။


Size ကတော့ 489 MB ရှိပါတယ်။

ပုံထဲကအတိုင်းတွ့ရင် Download ကိုနှိပ်လိုက်ပါ။။

တကယ်လို့မဒေါင်းချင်ဘူးဆိုရင်လဲ နီးစပ်ရာ Software ဆိုင်တစ်ခုခုမှာသွားဝယ်လိုက်ပေါ့။
Microsoft Visual Studio ကိုရပြီဆိုရင်တော့ Install လုပ်ရမှာပါ။
ကျနော်ကတော့ခွေနဲ့ပဲစမ်းပြမှာပါ။။လုပ်ရမှာတော့အတူတူပါပဲ။။

 ခွေထည့်ပြီးဖွင့်လိုက်ပါ။

ပုံထဲကအတိုင်းတွေ့ရင်တော့ setup ဆိုတာကို ၂ ချက်နှိပ်ပါ။






Next ကိုနှိပ်ပါ။


I have read and accept the license terms ကိုမှတ်ပေးပြီး next ကိုနှိပ်ပါ။။


Full နဲ့ Custom ဆိုပြီး ၂ မျိုးရှိပါတယ်။
Full ကိုရွေးမယ်ဆိုရင်တော့ Studio မှာပါတဲ့ Language တွေအားလုံးကို install လုပ်သွားမှာပါ။
(vb,vc++,v c#,vj#.... စတာတွေပေါ့)
Custom ကိုရွေးမယ်ဆိုရင်တော့ ၁ ခုခုကို စိတ်ကြိုက် install လုပ်နိုင်မှာပါ။

ကျနော်တို့ကတော့ Full ကိုရွေးပြီးမှပဲ install ကိုနှိပ်ပေးလိုက်ပါ။
စပြီး install  ပါပြီ။






ဒါတွေအားလုံး install ပြီးသွားဖို့ နာရီ ၀က်ကျော်ကျော်လောက်တော့ကြာမှာပါ။
ပြီးသွားရင် Finish ကိုနှိပ်ပေးလိုက်ပါ။
Install လုပ်ခြင်းပြီးဆုံးပါပြီ။
နောက်နေ့ မှာ Window Application လေးတွေစရေးကြတာပေါ့။
 စိတ်ရှည်ရှည်နဲ့လုပ်ပါ။ Install လုပ်တာမှမအောင်မြင်ရင်ဘယ်လိုမှဆက်လုပ်လို့မရနိုင်လို့ပါ။။။က
အဆင်မပြေ ရင်လဲ ပြောပါ။
တတ်နိုင်သလောက်ကူညီပါ့မယ်။။

 


No comments:

Post a Comment